ဦးတင်မောင်ဝင်း ကို ၁၉၆၁ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် အဘ ဦးတင်မောင်၊ အမိဒေါ်သိန်းသိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၁)၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ နဝမတန်းထိ တက်ရောက်အောင်မြင်ခဲ့ပြီး (၁၉၇၈)ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း အစိုးရစစ်စာမေးပွဲကိုပြင်ပဖြေဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၉ - ၁၉၈၀ နှစ်များတွင် ဒေသကောလိပ် (၂)မှ တက်ရောက်အောင်မြင်ခဲ့ပြီး၊ ၁၉၈၀ မှ ၁၉၈၆ ခုနှစ်အထိ ရန်ကုန် စက်မှုတက္ကသိုလ်တွင် တက်ရောက်၍ အီလက်ထရောနစ်ဘာသာတို့ဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၈၇-၁၉၈၈ ခုနှစ်များတွင် ရန်ကုန် စက်မှုတက္ကသိုလ် အီလက်ထရောနစ်ဓါတ်ခွဲခန်းတွင် သရုပ်ပြဆရာအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၀-၁၉၉၄ အထိ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှစ၍ ILBC ကျောင်းကို ထူထောင်ခဲ့ပြီး ယနေ့အထိ ပညာရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ဆဲဖြစ်သည်။ ၁၉၉၇ ခုနှစ်မှစ၍ ပြန်လည်ဖြည့်မြဲစွမ်းအင်နှင့် လျှပ်စစ်စွမ်းအားသုံးယာဉ်များ သုတေသနလုပ်ငန်းဌာနကို စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်နှင့် အခြား သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။

လူတိုင်းအတွက် ပညာရေး

Download Here! 

BY WAY OF WISDOM

Download Here! 

လူတိုင်းအတွက် ပညာရေးနှင့် BY WAY OF WISDOM စာအုပ်တို့သည်
ဦးတင်မောင်ဝင်း ကိုယ်တိုင်ရေးသားထားသော
စာအုပ်များဖြစ်ပါသည်။